RSS

Category Archives: မိတ်ဆွေတို့အတွက်လက်ဆောင်

မြန်မာ့ အွန်လိုင်း ရေဒီယို Player Gadget


သူငယ်ချင်းတော်တော်များများက အွန်လိုင်း အင်တာနက်မှနေ Radio လေးတွေ နားထောင်တတ်ကြတယ်… အဲ့လို အချိန်တိုင်းမှာ သူတို့မှာ အဓိက ကြုံတွေ့ရတာကတော့ Player တိုင်းက နှစ်သက်ရာ site များရဲ့ Radio Link များကို ဖွင့်မရတာတွေဖြစ်တတ်တယ်…. တစ်ချို့ကတော့ မြန်မာ အွန်လိုင်း Radio လေးတွေကို စိတ်ကြိုက် Tuning လုပ်ပြီးနားထောင်ချင်ကြတယ်… Web Browser ကြီးဖွင့်ပြီးတော့ နားထောင်ရတာ မျက်စိရှုပ်တယ်။ အရင်က Windows XP သုံးနေတဲ့သူတွေကတော့ မြန်မာ Radio တွေ နားထောင်တဲ့အချိန်မှာ ပြဿနာတွေတော်တော်များများတွေ့ရတယ်။ အဓိကကတော့ Additional Plugin တွေ လိုအပ်ချက်တွေကြောင့်ပါ။ ဥပမာ XP ရဲ့ Default Windows Mediaplayer 9 ကလည်း ယနေ့ခေတ် အွန်လိုင်း ရေဒီယိုတွေကို အလုပ်မလုပ်ပါဘူး။

ဒါကတော့ Windows Vista & Windows 7 အသုံးပြုသူတွေအတွက် မြန်မာဘသာနဲ့ ရေးထားတဲ့ Sidebar Gadget လေးပါ။

WWM Radio Player (Myanmar Language) Read the rest of this entry »

 

Tags: , ,

သယ်ရင်းများအတွက် လက်ဆောင်


အင်း…… ကျွန်တော်လည်း အခုတစ်လော အလုပ်လေးတွေနည်းနည်းရှူပ်နေတာနဲ့ (အလုပ်ပင်ပန်းတာလည်းပါတာပေါ့လေ) ဆိုဒ်လေးကို ပစ်ထားမိတယ်ဗျာ….. အခုတော့ အချိန်လေးနည်းနည်းရတုန်းလေး update လေးတွေလုပ်ရင်း၊ ရှိတာလေးတွေ တင်ပြမယ်လို့စိတ်ကူးမိတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်တယ်ဗျာ…

ကဲ…လေရှည်နေလို့မဖြစ်သေးဝူး……… သယ်ရင်းတွေကို လက်ဆောင်လေး အရင်ပေးမလို့….. ယောက်ျားလေးသယ်ရင်းတွေအတွက်ပါဗျာ….. ပျော်စေပျက်စေ သဘောလေးနဲ့ ကျွန်တော့်ကို မိုးကုတ်က အစ်ကိုကြီး ကိုထွန်း က ပေးထားတာပါ။

သူက flash song တွေလုပ်တယ်… သူ့ကိုယ်ပိုင်ဆိုဒ်လည်းရှိတယ်… မြန်မာ flash song တွေချည်းတင်ထားတာ.. အရမ်းတော်တာဗျာ….. ကျွန်တော်တောင်အားကျပီး သီချင်းလေးတစ်ပုဒ်လုပ်ကြည့်ဖူးသေးတယ်… စိတ်တိုင်းမကျလို့ သူများကို မပြရဲဝူးလေ……  😛 ကဲကဲ…  အောက်ကပေးထားတာလေးကို ဒေါင်းလိုက်ဗျာ…. ပီးရင် ကိုယ်တိုင်ဖွင့်ကြည့်လိုက်ပေါ့….. ဘယ်လိုစိတ်ကူးရလဲဆိုတာ လေးကိုလည်း ကျွန်တော့်ကို ပြန်ပြောပြစေချင်တယ်…. ကွန်မင့်လေးရေးပေးထားခဲ့ပေါ့ဗျာ……

 

Tags: