RSS

Category Archives: သိကောင်းစီရာများ

Gtalk Online Dictionary များကို အသုံးပြုကြရအောင်…. :))


Gtalk အသုံးပြုနေရင်းနဲ့ တစ်ခါတစ်လေကျရင် ဘာသာပြန်ရန် Dictionary လေးတွေလိုအပ်နေတတ်ကြတယ်…… English ဘာသာနဲ့ Greek, Spanish, French, Italian, Japanese, Korean, Dutch, Russian, Chinese, Argentina, Netherlands, German အစရှိတဲ့ နိုင်ငံကြီး တွေအပြင် တစ်ခြားဘာသာစကားများစွာကို gtalk  မှာအလွယ်တကူ အသုံးပြုရလွယ်အောင် အောက်က ကုဒ်လေးတွေကို ကူးပီး Gtalk မှာ Invite လုပ်လိုက်ရုံနဲ့ ဘာသာပြန်လို့ရနိုင်ပါပီခင်ဗျာ…….. ဆရာ့ဆရာများလည်း ဆိုဒ်တွေတော်တော်များများမှာ တင်ပြပေးနေကြပါတယ်……. ကျွန်တော်လည်း ကျွန်တော့်သူငယ်ချင်းအပေါင်းအသင်းများအတွက် ဗဟုသုတ အလို့ငှါ Read the rest of this entry »

 

Tags:

အွန်လိုင်း Myanmar Dictionaries Of MyOrdbok အကြောင်း……


About MyOrdbok, Free online Myanmar Dictionaries

MyOrdbok လို့နာမည်တပ်ထားသော Free online Myanmar Dictionaries လေးက သင့်ကို ဘာသာစကား ၂၄ မျိုးကို မြန်မာလိုဘာသာပြန်ပေးပါလိမ့်မယ်……. ဒီဆိုဒ်လေးလို မြန်မာဘာသာကိုပြန်ဆိုမှူလုပ်ငန်းဆိုင်ရာများကို စိတ်ဝင်စားပါက khensolomon@gmail.com သို့ဆက်သွယ်ပီး registration ပြုလုပ်ကာ အသင်းဝင်ပီးပါဝင်ဆောင်ရွက်နိုင်ပါတယ်….. Doesn’t require any special qualification to be an administrator လို့ဆိုထားတာကြောင့် မည်သူမဆို ဝါသနာပါသူတိုင်း အသင်းဝင်နိုင်ပါတယ်… အဓိကကတော့  All we need is: you can READ & TYPE Burmese ပါတဲ့ခင်ဗျာ…… Read the rest of this entry »

 

**Gmail website အတု လုပ်ပြီး Account နှင့် password များ ခိုးယူနေခြင်း **


ဒီနေ့ကျွန်တော့်ဆီကို ညီလေးတစ်ယောက်က လင့် တခုပေးပြီး အဲဒီ Site က Gmail Website အသစ်လား ဟုမေးရာကျွန်တော် ၀င်ရောက်ကြည့်လိုက် ရာ မြင်လိုက်ရသော website ကြောင့်ကျွန်တော့်ညီအား အဲဒီ site မှာ ဘာ username, password နဲ့ မှ ရိုက်ပြီး မ၀င်ရန် အမြန်ကြောင်းကြားရပါသည်။
ကွာခြားချက်ကတော့ ….

၁ – Gmail အတု site ရဲ့ လိပ်စာက
http://tdbear.freehostia.com.freehostia.com/ဖြစ်ပြီး Gmail အစစ် website  နဲ့ ဆင်တူရိုးမှားဖြစ်အောင် လုပ်ထားပါတယ် …
တကဲ့ Gmail Website အစစ်ရဲ့ လိပ်စာဟာ Read the rest of this entry »

 

Tags: ,

စကားကြီးဆယ်မျိုး


  1. စကားကြီး ၁၀ခွန်း။ ။ စကားပြောထုံးနည်း ဥပဒေကြီးဆယ်မျိုးဟူလို။

    ( ) ရေကူးညာတင်စကား လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့
    ““မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။””

    ( ) ကောက်ပင်ရိတ်လှီးစကား ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍
    တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့ ““သူဆိုသောစကား
    မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။””

    ( ) ရေစီးဖေါင်ဆန်စကား လိုအင်ဆန်္ဒ ရှိသမျှသောအရာဝတ်္ထုတို့ကို ဖေါင်တွင်တင်၍
    ဖြည်းညှင်းစွာဆန်တက် သွားလျှင် လိုအင်ကိစ်္စပြီးသကဲ့သို့ ““ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်း
    ဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။”” Read the rest of this entry »

 

Tags: , ,

နိုင်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက်


Min Way Min

ထိုင်းနိုင်ငံ၏အလုပ်သမား အကာအကွယ်ပေးရေးဥပဒေ၊
အလုပ်သမားဥပဒေ၊ ပညာရေးဆိုင်ရာအတွက် ပြဌာန်းထားသော ဥပဒေ၊ လျော်ကြေးငွေနှင့် ပတ်သက်၍ ပြဌာန်းထားသော ဥပဒေ၊ လူမှု ဖူလုံရေးဥပဒေတို့တွင်
နိုင်ငံခြားသားအလုပ်သမားတို့၏ အခွင့်အရေးနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြဌာန်းထားသည်။

၁၉၉၈ ခုနှစ်တွင် ပြဌာန်းထားသော အလုပ်သမား အကာအကွယ်ပေးရေး ဥပဒေတွင် အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖေါ်ပြထားသည်။ Read the rest of this entry »

 

Tags:

သိကောင်းစရာမလေးရှားအလုပ်သမားဥပဒေများ


Min Way Min
သိကောင်းစရာမလေးရှားအလုပ်သမားဥပဒေများ

မေး = မည်သို့သော အလုပ်သမားများသည် မလေးရှားအလုပ်သမား ဥပဒေပါအခွင့်အရေးများကို ခံစားခွင့်ရှိသနည်း။

ဖြေ = လစာငွေရင်းဂစ် ၁၅၀၀/ အောက်ဝင်ငွေရှိသော အလုပ်သမားအားလုံးခံစားခွင့်ရသည်။ အထွေထွေ အလုပ်သမားများအတွက်မူ လစဉ်ဝင်ငွေ
ဘယ်လောက်ပင်ဖြစ်စေအကြုံးဝင်သည်။ အလုပ်ရှင်နှင့် စာချုပ်ချုပ်၍ လုပ်ကိုင်နေသော အလုပ်သမားများလည်း အကြုံးဝင်သည်။

မေး = လုပ်ငန်းသဘောတူ စာချုပ်ဆိုသည်မှာ ဘယ်အရာကိုခေါ်သနည်း။
ဖြေ = လုပ်ငန်းသဘောတူ စာချုပ်ဆိုသည်မှာ လူတစ်ဦးသည် တခြားလူ တစ်ဦးထံ၌ အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင် ခြင်းကိုဆိုလိုပါသည်။
လုပ်ငန်းသဘောတူ စာချုပ်တွင် နှုတ်အားဖြင့်၎င်း စာအားဖြင့်၎င်း ( ၂ ) မျိုးရှိနိုင်ပါသည်။ အလုပ်သမား အနေဖြင့်လုပ်ငန်းသဘောတူ
စာချုပ်မိတ္တတစ်စောင်ကို သိမ်းစည်းထားခွင့်ရှိသည်။ ။ ။ Read the rest of this entry »

 

Tags:

မိတ်ဆွေစစ်ကို ရှာပါ


အခါတပါးတွင် ညီတော် အာနန္ဒာ-က မြတ်စွာဘုရားအား လျှောက်ထား၏၊ အရှင်ဘုရား၊ မိတ်ဆွေကောင်းနှင့် ပေါင်းဖော်မိသော သူသည် အကျိုးကျေးဇူး တ၀က်လောက် အောင်မြင် ပြီးစီးပြီး ဖြစ်နေပါသည်၊ ထိုအခါ မြတ်စွာဘုရားက ချစ်သား အာနန္ဒာ ဤသို့မဆိုလင့်၊ အဆွေခင်ပွန်းကောင်းနှင့် ပေါင်းဖော်မိသောသူသည် လောက သံသရာ နှစ်ဖြာအကျိုးစီးပွား ပြီးစီးလေသည်-ဟု မိန့်ကြားလျက် လောကီ လောကုတ္တရာ အကျိုးကျေးဇူးများပုံကို အကျယ်တ၀င့် ဟောကြားတော်မူလေ သည်။

တနေရာတွင် မိတ်ဆွေတု မိတ်ဆွေစစ်ကို ခွဲခြားပြတော်မူရာ၌ မိတ်ဆွေကောင်းလေးမျိုးရှိပုံကို ဤသို့ညွှန်ကြားပြတော်မူခဲ့ပါသည်။

၁။ ဥပကာရ-မိတ်ဆွေကောင်း။

ကြုံလာသော ကိစ္စအားလျှော်စွာ ကျေးဇူးပြုဖော် ရသူဖြစ်၏၊ ဤမိတ်ဆွေစစ်သည် မိမိမိတ်ဆွေ၏ အ၀တ်အထည် ရွှေငွေပစ္စည်းများကို မပျောက်ပျက်စေရန်၊သူတပါး မယူနိုင်ရန် စောင့်ရှောက်ပေးတတ်၏၊ မိမိ မိတ်ဆွေ၌ ဘေးအန္တရာယ် ပေါ်လာလျှင် ကာကွယ်ပေးတတ်၏၊ မိမိ မိတ်ဆွေတွင် ငွေကုန်ကြေးကျ များမည့်ကိစ္စ ကြုံလာ လျှင် မိမိ၏ အင်အားအလျှောက် ငွေအား လူအား ကူညီစောင်မတတ်၏။ Read the rest of this entry »

 

Tags:

ကျော်သူ..(သရုပ်ဆောင်)ရဲ့ခုတ်မယ်၊ထစ်မယ်၊ပါးပါးလှီးမယ်။


        ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်းမှုများကိုတွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊ မကောင်းတာလုပ် မကောင်းမှုများ အကျိုးရမည်ဟူ၍ ဟောကြားခဲ့တော်မူသည်။ မိမိ၏ ကံသာ လျှင် မိမိ၏ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရားပေါ်၌သာ တည်လေသည်ဟူ၍မြတ်စွာဘုရားရှင်၏ ဒေသနာ တော်များရှိခဲ့သည်။

       သို့သော် . . . . .”ဟာ … မင်းတို့က တတ်လည်း တတ်နိုင်ရဲ့သားနဲ့၊ ပိုက်ဆံလည်း ရှိသားနဲ့ ဘာလို့ ဒီနာရေး ကူညီမှု အသင်းကိုမှ သွားပြီး အကူအညီ တောင်း ရတာလဲ” ဘာဖြစ်လို့ ကိုယ်ပိုင် အခေါင်း (Coffin) နဲ့ မီး မသဂြိုလ်တာလဲ”စသည် … စသည် စကားသံများ၊ တီးတိုး သံများသည် ကျွန်တော့် အဒေါ် ဝမ်းကွဲတော် သူ၏ နာရေးကိစ္စတွင် အဒေါ်၏ သားဖြစ်သူ၊ ကျွန်တော်၏ ညီဝမ်းကွဲအား သူတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ချို့မှ ပြောကြားလိုက်သော စကားရပ်များပင် ဖြစ်တော့သည်။ ကျွန်တော်၏ ညီဝမ်းကွဲမှ ကျွန်တော့်အား ပြန်လည်၍ ပူဆွေးသောက အပူမီးများထဲမှ အားယူကာ တီးတိုး ပြန်လည် ပြောပြ၍ ကျွန်တော် သိလိုက် ရခြင်းပင်။

        ဤတွင် ကျွန်တော့်တွင် ရှင်းပြရန် တာဝန်ရှိလာသည်။ ကျွန်တော့် ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင် အသိနှင့် ရှင်းပြသည်ထက် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးဖြစ် သော၊ ကျွန်တော်တို့ ကြည်ညို လေးစားသော မန္တလေးမြို့၊ ဗြဟ္မစိုရ်ကျောင်းတိုက် ဆရာတော်ကြီး မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တတိက္ခဟောကြားခဲ့ သော ယဿ သတို့သား တရားတော်ထဲမှ လူများ အယူသီး ပုံများ၊ အစွဲကြီးပုံများ၊ တလွဲ ဆံပင် ကောင်းမှုများကို ထုတ်နှုတ် ရှင်းပြ ပါမည်။ Read the rest of this entry »

 

Tags: